စာရေးသူ

အားလုံးမြင်နိုင်ရန်
Dave Branon

ဒေ့ဘရဲနွန်

ဆရာကြီး ဒေ့ဘရဲနွန် (Dave Branon) ၏ စာမူများကို နှစ်များစွာ ဖတ်ရှုခဲ့ဖူးပါက ဆရာကြီး၏ မိသားစုအကြောင်းနှင့် ဖခင်တစ်ယောက်၊ အဘိုးတစ်ယောက် ဘဝအနေနှင့် ရရှိသောသင်ခန်းစာများကို သင်သိပါလိမ့်မည်။ Sports Spectrum မဂ္ဂဇင်းဌာန၌ အယ်ဒီတာချုပ်အနေဖြင့် အနှစ် (၂၀) လောက်လုပ်ခဲ့ပြီး သူသည် ယခုတွင် Our Daily Bread Publishing ၏ အယ်ဒီတာကြီးတစ်ဦးအနေနှင့် ဆက်ကပ်နေပါသည်။ အလွတ်စာရေးဆရာအနေနှင့် စာအုပ်ပေါင်း ၂၀ ကိုလည်း သူရေးသားခဲ့သည်။ ဆရာကြီးနှင့် ဇနီးသည် ဆရာမ စူး (Sue) တို့သည် စက်ဘီးစီးခြင်း၊ သားသမီးမြေးများနှင့် အချိန်ယူရခြင်းကို နှစ်သက်ပေ၏။ ကျောင်းသားကျောင်းသူများနှင့် နိုင်ငံရပ်ခြားသို့ သာသနာပြုခရီးသွားခြင်းကိုလည်း သူနှစ်သက်သည်။

စာမူ/ အကြောင်းအရာ များ ဒေ့ဘရဲနွန်

သဏ္ဌာန်တူခြင်း

‘‘ကျွန်ုပ်တို့၌ တူညီသောအရာရှိကြသည်။’’  ပုံသဏ္ဌာန်ဆင်သည်၊ ရုပ်ချင်းဆင်တူသည်ဟု အချို့က ဆိုသည်။ သွေးသားမတော်စပ်သော်လည်း မိမိနှင့် အလွန်မှ ရုပ်ချင်းဆင်သူများ ရှိကြသည်။
ကျွန်ုပ်ကမူ အနုပညာနယ်ပယ်မှ ဂီတကြယ်ပွင့် ဂျိမ်းစ်တေလာ နှင့် တူသည်။ သူ၏ဂီတပွဲကိုသွားကြည့်တိုင်း ခေတ္တအားလပ်ချိန်တွင် ပရိသတ်က ကျွန်ုပ်ကို နှစ်ခါပြန် လှည့်လှည့်ကြည့်ကြသည်။ အလိုလေး၊ သီချင်းဆိုချိန်နှင့် ဂီတာတီးခတ်ချိန်တွင်မူ ကျွန်ုပ်သည် ဂျိမ်းစ်တေလာ မဟုတ်ပါ။ ကျွန်ုပ်တို့နှစ်ဦးသည် မတော်တဆ ရုပ်ချင်းဆင်တူခြင်းသာ ဖြစ်သည်။
သင် မည်သူနှင့်တူသနည်း။ ထိုမေးခွန်းကို ချင့်ချိန် တွေးဆရာ၌ ၂ ကော ၃း၁၈ ၌ ရှင်ပေါလုက ကျွန်ုပ်တို့အား
မိန့်ကြားသည့် ‘‘ငါတို့သည် ဘုန်းအသရေတိုးပွား၍ (ဘုရားသခင်၏) ပုံသဏ္ဌာန်တော်နှင့်အညီ ပြောင်းလဲခြင်းရှိရ
ကြ၏’’ ဟူသည့်အချက်ကို ထင်ဟပ်ဆင်ခြင်ပါ။ ကျွန်ုပ်တို့၏ အသက်တာတွင် ခရစ်တော်၏ဘုန်းဂုဏ်တော်ကို ချီးမြှောက်ရန် ရှာကြံရာ၌ ကျွန်ုပ်တို့၏ ရည်မှန်းချက်တစ်ခုမှာ…

ဒေါ်ဗွိုင်းလက်နှင့်အတူ သီဆိုချီးမွမ်းခြင်း

ဒေါ်ဗွိုင်းလက် အမည်ရှိသော အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်သည် ဂျမေးကား ဆေးရုံကြီးရှိ ခုတင်ပေါ်ထိုင်ရင်း သူ့ထံလာရောက် လည်ပတ်သည့် ဆယ်ကျော်သက်ကလေးများကို ပြုံးပြနေသည်။ နေ့လည်ခင်းလေပူကြောင့် ပူအိုက်ချွေးစို့သော်လည်း   သူ မညည်းညူပါ။ ထိုအစား ချီးမွမ်းရန် သီချင်းကို ခေါင်းခဲအောင် သူစဉ်းစားနေသည်။ ထို့နောက် ၀မ်းပန်းတသာ ပြုံးကာ ‘‘ကျွန်ုပ် ပြေးနိုင်၊ ကျော်လွှားနိုင်၊ ကခုန်နိုင်၊ ဘုရားရှင်ကို ချီးမွမ်းထောပနာ ပြုနိုင်တယ်’’ ဟူ၍ ဆိုပြပါသည်။ သီချင်း ဆိုနေရင်းဖြင့် သူ၏လက်နှစ်ဖက်အား ပြေးနေသည့်အလား ရှေ့နောက်လွှဲ သည်။ ဘေးဝန်းကျင်မှ လူများမျက်ရည် မဆည်နိုင် ဖြစ်ရ သည်။ အကြောင်းမှာ သူ့တွင် ခြေထောက်မရှိသောကြောင့် ဖြစ်သည်။ သူသီဆိုချီးမွမ်းနိုင်ခြင်းမှာ ‘‘ကျွန်မကို သခင်ယေရှု ချစ်လို့၊ နောက်ပြီး ကောင်းကင်နိုင်ငံမှာဆို ပြေးဖို့ ခြေနှစ်ဖက်လည်း ရှိမှာ ဖြစ်လို့ပေါ့’’ ဟု သူပြောပြသည်။
ဖိလိပ္ပိသြ၀ါဒစာ…

ဘာသာစကားကို သင်ယူခြင်း

ဂျမေးကား အသင်းတော်တစ်ပါး၌ ၀တ်ပြုခြင်းမစတင်မီ ကျွန်တော်က မတ်တပ်ရပ်ကာ ‘‘Wah Gwan, Jamaica?’’ ဟူ၍ ကျွန်တော် အကောင်းဆုံးပြောတတ်သည့် ဒေသခံ တိုင်းရင်းသားမျိုးနွယ်စုစကားဖြင့် ပြောလိုက်သည်။ ပရိသတ်က အပြုံးများဝေကာ လက်ခုပ်တီးပြီး  သြဘာပေးကြသည့်အတွက် တုံ့ပြန်မှုက ကျွန်တော်ထင်ထားသည်ထက် ပိုကောင်းသည်။ စင်စစ် ကျွန်တော်ပြောလိုက်သည့် ပါတ၀ါ စကားမှာ ‘‘အခြေအနေဘယ်လိုလဲ’’ ဟု အဓိပ္ပာယ်ရသည့် ပုံမှန်နှုတ်ဆက်စကားသာ ဖြစ်သည်။ သို့သော် သူတို့ နား၌ ကြားလိုက်သည်က ‘‘ခင်ဗျားတို့ရဲ့ဘာသာစကားကို အတော်အသင့် ပြောတတ်တယ်’’ ဟူ၍ဖြစ်သည်။ ဆက်ပြောစရာ ပါတ၀ါ စကားမရှိ၊ ဘာဆက်ပြောရမည်ကို မသိသော်လည်း အခွင့်အလမ်းကတော့ ပွင့်သွားသည်။
တမန်တော်ကြီး ရှင်ပေါလုက အေသင်မြို့သားများ ရှေ့မှောက်၌ ရပ်နေချိန်တွင် သူတို့၏ဓလေ့ ယဉ်ကျေးမှုကို သူသိရှိကြောင်း ထိုသူတို့ကို သိစေ၏။ သူတို့၏ ယဇ်ပလ္လင်များထဲမှ ‘‘ငါတို့မသိသော ဘုရားသခင်အဖို့’’ ဟူသည့်…

သနားစုံမက်တတ်သော စိတ်နှလုံး

အလွန်လူစည်ကားသော ဖျော်ဖြေရေးပန်းခြံတစ်ခုတွင် ဂီတပဒေသာတင်ဆက်မှု အစီအစဉ်တစ်ခုကို ကျွန်တော်တို့အဖွဲ့ ခုနှစ်ယောက် သွားရောက်ကြည့်ရှုကြသည်။ အတူတကွ တစ်စုတစ်စည်းတည်း ထိုင်လို၍ ခုံတန်းတစ်ခုတွင် တိုးဝှေ့၍ထိုင်ကြစဉ် အမျိုးသမီးတစ်ဦးသည် သူ၏အဖော်နှစ်ဦးအတူ ကျွန်တော်တို့အကြား တိုးဝင်လာသည်။ ကျွန်တော့်ဇနီးက ကျွန်တော်တို့ အတူတကွထိုင်လိုကြောင်း ပြောသော်လည်း ထိုအမျိုးသမီးက `တော်တော်ဆိုးတာဘဲ´ ဟုပြောရင်း သူနှင့်သူ့အဖော်နှစ်ဦးတို့ အတင်းတိုးဝှေ့ ထိုင်သည်။
သို့နှင့် ကျွန်တော်တို့မှာ အရှေ့လေးယောက်၊ အနောက် သုံးယောက် နှစ်တန်းထိုင်ခဲ့ရသည်။ ထိုစဉ် ကျွန်တော့်ဇနီး စူးက ထိုအမျိုးသမီးနှင့်အတူ အထူးကူညီမစမှု လိုအပ်သော အသက်ကြီးသူတစ်ဦးပါလာကြောင်း သတိထား မိသည်။ သူ၏သူငယ်ချင်းများကို ဂရုစိုက်နိုင်အောင် တစ်စုတစ်ဝေးထဲ ရှိနေစေရန် ကြိုးစားခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရ၍ ကျွန်တော်တို့၏ စိတ်ကသိကအောက်ဖြစ်မှုများ ရုတ်ချည်းပျောက်ကွယ်သွားသည်။ “ဒီလိုလူတွေ ကျပ်သိပ် နေတဲ့နေရာမှာ သူ့အတွက် ဘယ်လောက်ခက်ခဲမလဲဆိုတာ စဉ်းစားကြည့်ပေါ့” ဟု စူးက ဆိုသည်။ မှန်ပါသည်။…

ငါ မဟုတ်ဘူး

ပြီးခဲ့သော အားလပ်ရက်ခရီးထွက်စဉ်က ကျွန်တော် မုတ်ဆိတ်မွှေး အရှည်ထားခဲ့သည်။ သူငယ်ချင်းများနှင့်လုပ်ဖော်ဆောင်ဖက်များထံမှ တုံ့ပြန်မှုအမျိုးမျိုးရရှိခဲ့ပြီး အများစုမှာ  အကောင်းဘက်မှ ဖြစ်သည်။ သို့သော် တစ်ရက်တွင် မုတ်ဆိတ်မွှေးကို ကြည့်ပြီး `ဒီလူက ငါမဟုတ်ဘူးဘဲ´ ဟုဆုံးဖြတ်ပြီး မုတ်ဆိတ်ရိတ်ဓားထုတ်ကာ ရိတ်ပစ်လိုက်သည်။
မိမိသည် မည်သို့သောသူဖြစ်သည်ကို စဉ်းစားရင်း  အကြောင်းအရာ တစ်ခုမဟုတ်တစ်ခုက မိမိ၏စရိုက် လက္ခဏာနှင့် အဘယ်ကြောင့် အံဝင်ခွင်ကျ ဖြစ်မနေသနည်း   ဟု တွေးမိသည်။ အဘယ်ကြောင့်ဆိုသော် အခြေခံအားဖြင့်၊ ဘုရားသခင်သည် လူတစ်ယောက်ချင်းစီကို မတူညီမှုများနှင့် အားသာချက်များ ပေးထားခြင်းကြောင့် ဖြစ်သည်။ ကျွန်ုပ်တို့သည် ၀ါသနာများ မတူညီ၊ စားသည့်အစာ မတူညီ၊ ၀တ်ပြုသည့် အသင်းတော်မတူ၊ သို့သော် ကိစ္စမရှိပါ။ ကျွန်ုပ်တို့
တစ်ယောက်စီတိုင်းသည် အတုမရှိ အံ့ဖွယ်ထူးခြားစွာ ဖန်ဆင်းခံထားရသူများဖြစ်သည် (ဆာ ၁၃၉း၁၄)။ ကျွန်ုပ်တို့သည် အချင်းချင်းကို အစေခံရန်အလိုငှာ မတူညီသော ဆုကျေးဇူးများ…

တကယ့်လက်တွေ့ကမ္ဘာ

လွန်ခဲ့သော ၂၀၀၂ ခုနှစ်က  ၁၇ နှစ် သမီးငယ်လေး မယ်လီဇာကို ယာဉ်မတော်တဆမှုဖြင့် ဆုံးရှုံခဲ့ရပြီး နောက်ပိုင်း နှစ်ကာလများတစ်လျှောက်တွင် ကျွန်တော်သည် “တကယ်လို့များ”  ဟူသည့် အတွေးကမ္ဘာထဲဝင်ရောက်နေကြောင်း သိလာရသည်။ ဝမ်းနည်းဖွယ် ထိုဇွန်လ ညနေခင်းအကြောင်း ပြန်စဉ်းစားရင်း “ပြန်ပြောင်းလို့ရမယ်ဆိုလျှင် ... မယ်လေးအား အိမ်သို့ ဘေးကင်းလုံခြုံစွာ ပြန်ရောက်စေချင်ပါသည်”ဟု ရင်နင့်လျက် ခံစားရသည်။
လက်တွေ့တွင် “တကယ်လို့များ” ဟူသည့် အတွေး ကမ္ဘာက ကျွန်တော်တို့အတွက် ကောင်းသောနေရာ မဟုတ်ပါ။ ၎င်းသည် ကျွန်ုပ်တို့ကို နောင်တနှင့် ဝမ်းနည်း စေသော၊ မရေရာသည့် မှန်းဆချက်များနှင့် မျှော်လင့်ချက်မဲ့ စေသောအရပ်ဖြစ်သည်။ လက်တွေ့ဘဝ၌ ကြေကွဲရပြီး ဝမ်းနည်းစရာများ၊ အဆုံးမသတ်နိုင်ဖြစ်နေရ၍ ကျွန်တော်တို့ အနေဖြင့် “တကယ့်လက်တွေ့”ကမ္ဘာ၌ နေလျှင် အသက်တာ ပိုမိုကောင်းမွန်ပြီး ဘုရားသခင်၏ ဘုန်းတော်ထင်ရှားလိမ့်မည်။
ထိုကမ္ဘာတွင် မျှော်လင့်ခြင်း၊ ခွန်အားပေးမှုနှင့်…

အကြွင်းမဲ့ အပ်နှံလိုက်

ကောလိပ်တွင် ကျွန်တော် ဘတ်(စ်)စကက်ဘော ကစားခဲ့စဉ်က ကစားပွဲရာသီတိုင်းတွင် အားကစားရုံထဲဝင်တိုင်း နည်းပြဘာခိုင်းခိုင်းလုပ်မည်ဆိုသည့်စိတ်ကို နှစ်၍ ဆုံးဖြတ်ချက်
ချခဲ့သည်။
‘‘နည်းပြကြီးရေ၊ … ကျွန်တော် ဒီမှာ၊ ကျွန်တော်ဂိုးသွင်းချင်နေပြီ၊ ဘောလုံး ပုတ်ချင်နေပြီ၊ ဒါပေမဲ့ ကျွန်တော့်ကို ကွင်းပတ်မပြေးခိုင်းပါနဲ့၊ ခံစစ်နှင့်ချွေးထွက်မည့် အလုပ်မလုပ်ခိုင်းပါနဲ့’’ ဟု ပြောမိ ခဲ့လျှင် ကျွန်တော့်အသင်းအတွက် အကျိုးမဖြစ်စေနိုင်ပါ။
အောင်မြင်သည့် ကစားသမားတိုင်းသည် အသင်း အတွက် အကောင်းဆုံးဖြစ်အောင် ကြိုးစားနေသော နည်းပြကြီး ပြောသမျှကို လိုက်နာ၍ သူ့ကိုယုံကြည်ရမည် ဖြစ်သည်။
ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏
အသက်ရှင်သောယဇ်ကောင်များဖြစ်သည် (ရော ၁၂း၁)။
ကျွန်ုပ်တို့၏ ကယ်တင်ရှင်နှင့် သခင်ဘုရားအား ‘‘ကိုယ်တော့်ကို ယုံတယ်။ ကိုယ်တော် လုပ်စေလိုတဲ့ ဘယ်အရာကိုမဆို လိုလိုချင်ချင် လုပ်ဆောင်ပါမယ်’’ ဟု ပြောလျှင်၊ ကိုယ်တော် ကျေနပ်နှစ်သက်သောအရာများ၌သာ အာရုံစိုက်အောင် ကျွန်ုပ်တို့၏စိတ်နှလုံးကို…

ဟောင်းသော်လည်း သစ်လွင်ကောင်းသော

၂၀၁၄ ခုနှစ်၌ ကင်တာကီ  ပြည်နယ် အမျိုးသားကောဗက်ကားပြတိုက်နေရာ၌ မြေကျွံသွားသည့်အတွက် ပြန်အစားထိုး၍မရအောင် အဖိုးတန်သည့် ရှယ်ဗရိုလေး ကောဗက် ပြိုင်ကား ၈ စီး မြေအောက်သို့ ရောက်သွားသည်။ ကားများသည် အကြီးအကျယ် ပျက်စီးသွားပြီး အချို့ဆိုလျှင် ပြုပြင်၍ပင် မရနိုင်တော့ပါ။
ကားများအနက်  ၁၉၉၂ ခုနှစ်၌ ကားတပ်ဆင်ရုံမှ ထုတ်လာသည့် အစီးရေ တစ်သန်းမြောက် ကောဗက်ကား မှာ အထူးဂရုပြုအာရုံစိုက်ခံခဲ့ရပြီး ၎င်းသည် တန်ဖိုးအမြင့်ဆုံး
စုဆောင်းမှုတစ်ခုဖြစ်သည်။ ယင်းကို မြေကြီးထဲမှပြန်ထုတ် ပြီးနောက် စိတ်ဝင်စားစရာအဖြစ်မှာ ကျွမ်းကျင်သူများက ကား၏မူလအစိတ်အပိုင်းများကို အဓိကထားပြန်သုံးပြီး   အသစ်အနေအထားအတိုင်းဖြစ်အောင် ပြန်လည်ပြုပြင် ခဲ့သည်။ ဤကားအလှပဂေးလေးမှာ ပုံပျက်ပန်းပျက် ဖြစ်သွား
သော်လည်း ယခုအချိန်တွင် ၎င်းကို ထုတ်လုပ်သည့်နေ့က ကဲ့သို့ပင် အကောင်းပကတိအတိုင်း တွေ့ရသည်။
ကားက အိုဟောင်းပြီး ပျက်စီးသွားသော်လည်း အသစ်ပြန်ဖြစ်သွားသည်။
ဤအရာက ယုံကြည်သူများအတွက်…

ယခုပင်နှစ်သက်ဖွယ်သော အချိန်

မူကြိုအရွယ် မြေးမလေး မဲဂ္ဂီနှင့် သူငယ်တန်းအရွယ် သူ့အစ်မ ကေတီတို့သည်  ရွက်ဖျင်တဲ ဆောက်တမ်းကစားရန် ခြုံစောင်များကို အိမ်အနောက်ဘက်ခြံဝင်းသို့ ဆွဲယူ သွားကြသည်။ တစ်အောင့်အကြာတွင် အမေကို အော်ခေါ်လိုက်သည့် မဲဂ္ဂီ  ၏အသံကို ကြားလိုက်ရသည်။
“မေမေရေ ဒီကို မြန်မြန်လာခဲ့၊ သမီးစိတ်နှလုံးထဲ သခင်ယေရှုကို ခေါ်ဖိတ်ချင်တယ်၊ အဲဒါကြောင့် မေမေ့ အကူအညီလိုတယ်” ဟု မဲဂ္ဂီက အော်ပြောသည်။ ကြည့်ရသည်မှာ ထိုအချိန်အခိုက်အတန့်လေး၌ သခင် ယေရှုကို လိုအပ်ကြောင်း သူရှင်းရှင်း သိလိုက်ပုံရပြီး ကိုယ်တော့်ထံ ယုံကြည် အပ်နှံရန် သူအသင့်ရှိနေသည်။
ယေရှုရှင်ကို ယုံကြည်အပ်နှံရန်အတွက် မဲဂ္ဂီ၏ အလောတကြီး အကူအညီ တောင်းလိုက်ခြင်းက ၂ ကော ၆
၌ ပြောထားသော ကယ်တင်ခြင်းအကြောင်း ပေါလု၏ စကားကို ပြန်အမှတ်ရစေသည်။ ထိုကျမ်းပိုဒ်၌ ကိုယ်တော်၏အသေခံခြင်းနှင့် ရှင်ပြန်
ထမြောက်ခြင်းအကြောင်း…

အသံများဖြင့် ၀န်းရံလွှမ်းခြုံထားသော

ဝေါဒစ်နီစတူဒီယို သည် ရုပ်ရှင်လောကတွင် အသံပိုင်းဆိုင်ရာ နည်းပညာကို ပထမဆုံး မိတ်ဆက်ပေးခဲ့သူဖြစ်သည်။ ၎င်းကို`သဘာဝဆန်ဆန် ပေါင်းစပ်ထားသော အသံ´(သို့)
`အသံများဖြင့်ဝန်းရံလွှမ်းခြုံထားခြင်း´ ဟု ခေါ်သည်။  ထုတ်လုပ်သူများက ရုပ်ရှင်ကြည့် ပရိတ်သတ်များအား ဂီတသံကို ဆန်းသစ်စွာ ခံစားကြားစေချင်သောကြောင့် ဖြစ်သည်။
သို့သော် ၎င်းသည် ပထမဆုံးသောအသံလွှမ်းခြုံမှု   မဟုတ်ပါ။ လွန်ခဲ့သော နှစ်ပေါင်းများစွာက ယေရုရှလင် မြို့ရိုးကို ပြန်လည်တည်ဆောက်ပြီး၍ ဆက်ကပ်ပွဲတွင် ပရောဖက်နေဟမိက ၎င်းကို အစပြုမိတ်ဆက်ပေးခဲ့သည်။ ‘‘ထိုအခါ ယုဒမင်းတို့ကို မြို့ရိုးပေါ်သို့ ငါခေါ်၍ ချီးမွမ်းရာ သီချင်းဆိုရသော လူစုကြီးနှစ်စုကို ခန့်ထား၏။ တစ်စုကား လက်ျာရစ်လှည့်၍ နောက်ချေးတံခါးသို့ မြို့ရိုးပေါ်မှာ လျှောက်သွားကြ၏’’ ဟု (နေ ၁၂း၃၁) ဖော်ပြထားသည်။ သီချင်းဆိုရသော လူနှစ်စုသည် မြို့ရိုး၏တောင်ဘက်စွန်း နောက်ချေးတံခါးမှ စ၍ချီသွားကြသည်။ တစ်စုသည် လက်ဝဲဘက်မှ၊ ကျန်တစ်စုသည် လက်ျာဘက်မှ ဗိမာန်တော်သို့…